မင်္ဂလာပါ
တစ်ခါကဘုရင်တစ်ပါးရှိသတဲ့ ။သူဟာဘုရင် မဖြစ်ခင် ကတည်းက စားအတူတူ သွားအတူတူ
နေခဲ့ထိုင်ခဲ့ စားခဲ့ သောက်ခဲ့ အတူတူ ကြီးပြင်းလာခဲ့တဲ့
ညီနောင်တစ်ယောက်လည်းရှိသတဲ့ ။ တစ်နေ့မှာတော့ သူငယ်ချင်း ဖြစ်သူ ဘုရင်ဖြစ်တော့ သူလည်းဘုရင် အမတ်တစ်ယောက် ဖြစ်တာပေါ့လေ ။ အဲဒီလိုနေလာခဲ့တဲ့ရက်တွေတိုင်း မှာ ဘာကိုပဲဖြစ်ဖြစ်ကောင်းတိုင်ပင် ဆိုးတိုင်ပင် နဲ့ပဲသူတို့ တွေဟာ ရက်တွေ အတော်ကြာနေ လာခဲ့ကြပါတယ် ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရှင်ဘုရင်ဖြစ်သူရဲ့ လက်ညိုးမှာ ခူနာဟာ စွဲကပ်လာပါတယ် ။ ခူနာဆိုတဲ့အမျိုးက အခန့်မသင့်တိုင်းဖျတ်ပစ် ရတယ်လို့ အဆိုရှိပါတယ် ။
ဒီတော့ ခူနာပေါက်တဲ့ဘုရင်ကြီးက သူရဲ့အမတ်ကြီးကိုတိုင်ပင်ပါတယ် " အမတ်ကြီး ငါကိုယ်တော်ရဲ့ လက်ညိုးမှာခူးနာပေါက်နေတယ် ဒီတော့ ဘယ်လိုလုပ် သင့်ပါလဲ " ပေါ့လေ ။ ဒီလိုတိုင်ပင်တာပေါလေ ဒီတော့ အမတ်ကြီးကလည်းပြောပါတယ်

“ ဘုရင်ကြီးကောင်းဖို့ ဖြစ်လာတာပါပဲ ” တဲ့
ဆိုလိုတာက ခူနာဖြစ်တာဟာ ကောင်းတဲ့အရာ တွေဖြစ်ဖို့အတွက်ဖြစ် လာတာပါ ..လို့ပြောတာပါ ။
ဒါဟာလည်း အမတ်ကြီးရဲ့ အကောင်းမြင်ဝါဒ နဲ့လဲ့ သက်ဆိုင်မှာပေါ့လေ ။
ဒီလိုနဲ့လက်ညိုးရဲ့ ပထမလက်သစ် ဟာ ခူနာဒဏ် ကြောင့်မို့လို့ ဖြတ်ပစ်
လိုက်ရပါတယ် ။ ဒါက ပထမ လက်သစ်ခူနာဟာပျောက်မသွားပဲ နဲ့ဒုတိယ လက်သစ်ကို ကူးစက် ပါတယ် ဒီတစ်ခါမှာ လည်း ဒီလိုပါပဲ ။ ခူနာ ရဲ့အနာဒဏ် ကြောင့်မို့လို့ပဲ

ဒုတိယလက် သစ်ကိုဖြတ်ခါနီးမှာ ဘုရင်ကြီးဟာအမတ်ကိုတိုင်ပင်ပြန်ပါတယ် ။ အမတ်ကြီး က ဘယ်လိုပြောလဲ ဆိုတော့ “ ဘုရင်ကြီး
ဒီတစ်ခါမှာလည်းပဲ " ကောင်း ဖို့ဖြစ်လာတာပါပဲ ” တဲ့ ။ ဒီလိုနှစ် ကြိမ်းမြောက် အနာနဲ့
အတူ လက်ညိုးကိုဖြတ်ခံရတော့ ဘုရင်ကစဉ်းစားပါတယ် .....

“ ဒီအမတ်ကြီးဟာ ငါ့ကို
ကောင်းဖို့ဖြစ်လာ တာပါပဲ ”ဆိုတဲ့ စကားကိုပဲ ပြောပြီး ပြောက်ကင်းဖို့အတွက် လုပ်မပေးဘူး ..ဒီတော့
...ဒီတစ်ခါတော့နောက်ဆုံးဖြစ်တဲ့ လက်သစ် ကိုသာ ဖြတ်ရမယ်ဆိုရင် ဒီအမတ် ကြီးကို ထောင်ချ ပစ်မယ် ” ပေါ့

(သူတို့ခေတ်က ဆေးဝါးတွေ မရှိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့လေ )
ဒီလိုနဲ့ပဲနောက်ဆုံးဖြစ်တဲ့ လက်ညိုးရဲ့  နောက်ဆုံးလက်သစ်လေး ဟာ ခူနာရဲ့ စားခြင်းကို
ခံခဲ့ရပါတယ် ။ အမတ်ကြီးကိုလည်း မင်းကြီး က ပြောတာပေါ့ “ အမတ်ကြီး ငါကိုယ်တော်တော့
လက်ညိုး ဖြတ်ပြီးပြီ ငါရဲ့ လက်တစ်ဖက်မှာ လက်ညိုး လို့ခေါ် စရာ မရှိတော့ဘူး
ငါကိုယ်တော်ကိုအကြံပေးပါအုံး ” လို့ပြောတာပေါ့ ။ ဒီတော့ အမတ်ကြီးက “ မင်းကြီး
ဒီတစ်ခါလည်း ကောင်းဖို့ဖြစ်လာတာပဲ ” တဲ့ ။ ဒီတော့မင်းကြီး ကစဉ်းစား ပါတယ် “ ဒီအမတ်ကြီးဟာ ငါကိုယ်တော် တိုင်ပင်တိုင်း “ ကောင်းဖို့ဖြစ်လာတာပဲ ” လို့ပြောတယ် ။ ဒီလောက်ရှိလှတာ “ ဒီ အမတ်ကြီး ထောင်းသွင်း အကျဉ်း ကျစေလို့ ” အမိန့်ချမှတ် လိုက်တာပေါ့ ။ ဒီတော့အမတ်ကြီးက ဘာပြောတယ်မှတ်လဲ “
မင်းကြီးဒီတစ်ခါလည်း ကောင်းဖို့ဖြစ်လာတာပဲ ” တဲ့ လက်ထိတ်တန်းလန်းနဲ့

ပြောသွားပါ
တယ် ။မေ့မေ့ပျောက်ပျောက် ရှိတဲ့ တစ်နေ့မှာပေါ့ ဘုရင်ကြီးဟာ တော့ထဲကိုအမဲလိုက်ထွက်ပါတယ် ။
အဲဒီ ဘုရင်အမဲလိုက်တဲ့ တော ဟာကျေးငှက် သားကောင် တွေပေါ သလို လူသားစားတဲ့ လူရိုင်း
တွေလည်းရှိသတဲ့ ။ ဘုရင်ဟာလည်ဘဲ အခြွေအရံတွေနဲ့ ကွဲ နောက်လိုက်တွေနဲ့ ကွာ
အဲဒီတော့ ..........တောထဲမှာမျက်စိလည်သွားတာ ပေါ့လေ ။ မျက်စိလည်သွားတဲ့ ဘုရင်ကြီးကို လူရိုင်းတွေကဖမ်းမိ သွားပါတယ် ။
ဒီတော့လူသားစား တဲ့လူရိုင်းတွေရဲ့ထုံစံအတိုင်းပေါ့  ။ ဒါပေမယ့် သူတို့ထုံးစံအရ သူတို့ရဲ့
ခေါင်ဆောင်ကိုပြောပြီး .....နတ်တင်တဲ့ အလေ့အထလည်း ရှိသတဲ့ ။ ဒီတော့ နတ်တင်ဖို့အတွက် လူရိုင်းခေါင်းဆောင်ကြီးကို တိုင်ပင်တာပေါ့ လူရိုင်းခေါင်ဆောင် ကြီးက ပြောပါတယ် “ မင်းတို့ဖမ်းလာတဲ့ လူကို နတ်တင်ဖို့ဆိုတော့ အဲဒီလူက အင်္ဂါမှ

စုံရဲ့လား ” တဲ့ ..ဒီတော့ လူရိုင်းလေးတွေဟာ
သူတို့ဖမ်းခဲ့တဲ့ လူ
(ဘုရင်) ကိုစစ်ဆေးပါတော့တယ် ။ ဒီတော့ လူ(ဘုရင်) ဟာလက်ညိုးတစ်ချောင်း မပါဘူးဆိုတာကို လူရိုင်းလေးတွေသိတော့ သူတို့ရဲ့ခေါင်းဆောင်လူရိုင်ြး ကီးကို ပြောကြတာပေါ့လေ ။လူရိုင်းကြီးက ပြောပါတယ် “ အဲဒီလို လက်အင်္ဂါ မစုံတဲ့ သူကို
ငါတို့ရဲ့နတ်မင်းကြီးက မကြိုက်ဘူးတဲ့ ” လေ ပြီးတော့ပြောပါသေးတယ် “ အင်္ဂါ မစုံတဲ့သူကို ဒို့တောထဲကိုကြာကြာထားရင် ကျက်သရေယုတ်လိမ့်မယ် တော့အပြင် မြန်မြန်ပို့ ” တဲ့ ။ လူရိုင်းလေးတွေလိုက်ပိုမှူ့နဲ့ အတူ ဘုရင်ကြီး ဟာ
တောအပြင်ကိုရောက်တာနဲ့တပြိုင်နက် နန်းတော်ကို သွားမယ့်လမ်းကို
သိရှိခဲ့ပါတယ် ။ အဲဒီ အခါမှ ဘုရင်ဟာ နန်းတော်ရောက်တော့တစ်ပါးတည်း...တစ်ယောက်တည်း ...စဉ်းစားခန်းဝင်မိတာပေါ့ ။ ဘုရင်ဒီလိုစဉ်းစားပါတယ်........ ...“ ငါဟာလက်ညိုးရှိရင် ခုချိန်ဆိုလူရိုင်းတွေလက်ထဲမှာ အသက်ပျောက်နေလောက်ပြီ ဒီလက်ညိုး မရှိလို့ ငါအသက်ရှင်တာ ။ ငါ့သူငယ်ချင်း အမတ်ကြီးကတော့ ပြောတယ် “ ကောင်းဖို့ဖြစ်လာတာ ပဲ ” တဲ့ သူ့စကားနဲ့ သူ
ဟုတ်တုတ်တုတ်...........ငါအမတ်ြ ကီးနဲ့စကားပြောချင်လိုက်တာ.... ...ဒီတော့မှ သူဟာသတိရပါတယ် အမတ်ကြီးကိုသူကိုယ်တိုင် ထောင်ထဲပို့ခဲ့တာကိုလေ...
အမတ်ကြီးကိုထောင်ထဲကထုတ် ပြီးတာနဲ့ တစ်ပြိုင်နက် အမတ်ကြီးကိုဝမ်းသာအားရပြောပြပါ
တယ် ။ သူဟာတောထဲမှာ ဘယ်လိုမျက်စိလည်ခဲ့ကြောင်း ဘယ်လိုအသက်ဘေးကနေလွတ်ခဲ့
ကြောင်းတွေကိုပေါ့ ။ ဒီတစ်ခါလည်းအမတ်ကြီးက ပြောတဲ့စကားကတစ်ခွန်းထဲ........
...“ ကောင်းဖို့ဖြစ်လာတာပဲ ” တဲ့....
ဒီတစ်ကြိမ် မှာတော့ဘုရင်ကြီးအတွက် “ ကောင်းဖို့ဖြစ်လာတာပဲ ” ဆိုတဲ့
စကားဟာ သိပ်ကိုနားဝင်ချိုတဲ့ စကားလေးတစ်ခွန်းပါပဲ ။ မင်းကြီး ကမေးပါတယ် ..အမတ်ကြီး ဒီစကား
(ကောင်းဖို့ဖြစ်လာတာပဲ ) ဆိုတဲ့စကားကို ဘာလို့ ခဏခဏ ပြောဆိုနေရပါသလဲ ...ဆိုတော့
အမတ်ကြီးက “ မင်းကြီး ကျွန်တော်မျိုး ဟာမင်း ကြီးရဲ့ ငယ်ဖော် ငယ်ကျွမ်း အတိုင်ပင်
ခံအမတ်တစ်ယောက် ဖြစ်ပါတယ် မင်းကြီးဘယ်သွားသွား ဘယ်လာလာ မင်းကြီးရဲ့ နောက်တော်
အပါးတော်ကနေ အမြဲ တမ်းပါနေပါတယ် ။ဘယ်သွားသွား မင်းကြီးနောက်ကိုပါတဲ့
ကျွန်တော်မျိုးကိုအင်္ဂါခြေလက်အစုံပါပါတယ် ။ မင်းကြီးပဲပြောတယ်လေ “ အင်္ဂါမစုံတဲ့အတွက်အသတ်တာ ” တဲ့ ။ တကယ်လို့များပေါ့ ကျွန် တော်မျိုးဟာထောင်မကျခဲ့ရင် မင်းကြီးနဲ့အတူ တောထဲမှာပဲ မျက်စိလည်လမ်းမှား
ကိုရောက်နိုင်ပါတယ် ။ မင်းကြီးနဲ့အတူတူမျက်စိလည်ခဲ့ ရင် ကျွန်တော်မျိုးဟာအင်္ဂါခြေလက်
အပြည့် အစုံပါတဲ့အတွက်အသက်ခံ ရနိုင်ပါတယ် ။ အခုတော့ မင်းကြီးက ကျွန်တော်မျိုး အသက်မသေ အောင် ထောင်ထဲကိုထည့်ထားခဲ့တာ မဟုတ်လား ” တဲ့ ။ ဒီလိုကျွန်တော်မျိုး “ အသက်မသေတဲ့အတွက်ကောင်းဖို့ဖြစ် လာတာပါပဲ ” တဲ့လေ...
xxxxxxxxxxxxxxxxxxxxxxx....... .............................. xxxxxxxxxxxxxxxxxxxxxxxxxxxx
ပုံပြင်လေးကတော့ ဒါပါပဲ ဒီပုံပြင်လေးကိုစဉ်းစားရင်း ကျွန်ုပ်တွေးမိတာက
ရယူပိုင်ဆိုင်ခြင်းနဲ့ ဘာမှမရရှိခြင်း(လာဘော အလာဘော )
အခြွေအရံတွေပေါများခြင်းနဲ့ အခြွေအရံရှားပါးခြင်း (ယသော အယသော )
ကဲ့ရဲ့ခံရခြင်းနဲ့ ချီးမွမ်းခံရခြင်း (နိန္ဒာ ပသံသာ ) ဆင်းရဲခြင်း
ချမ်းသာခြင်း( သုခံ ဒုက္ခံ ) ဆိုတဲ့လောကဓံတရားတွေကို ရင်ဆိုင်ပုံလေးမှာ
အတုယူစရာပါ ..
လူအများစုဟာ ဒုက္ခရောက်တဲ့ အချိန်ဆိုရင်တော့ဘုရား တရားကိုကျင့်တတ်ကြပါတယ် ။ ချမ်းသာနေရင်တော့မေ့နေတတ်ကြပါ တယ် .........ဒါဟာလည်းမဖြစ်သင့်ပါဘူ နောက်အခြွေအရံလို့ခေါ်တဲ့ သူငယ်ချင်း အပေါင်းအသင်း ဆွေမျိုးမိတ်ဆွေတွေ နဲ့ အတူနေချိန်မှာ
ဒီအချိန်ဟာ လောကဓံ ပါလား လို့မသိတတ်ကြပါဘူး ။ကွဲကွာသွားတဲ့အချိန်
ခွဲခွါရမယ်အချိန်ဆိုရင်တော့ သိကြမှာ ဒါဟာလောကဓံပါလားလို့
သူတို့ဖမ်းခဲ့တဲ့ လူ
(ဘုရင်) ကိုစစ်ဆေးပါတော့တယ် ။ ဒီတော့ လူ(ဘုရင်) ဟာလက်ညိုးတစ်ချောင်း မပါဘူးဆိုတာကို လူရိုင်းလေးတွေသိတော့ သူတို့ရဲ့ခေါင်းဆောင်လူရိုင်ြး ကီးကို ပြောကြတာပေါ့လေ ။လူရိုင်းကြီးက ပြောပါတယ် “ အဲဒီလို လက်အင်္ဂါ မစုံတဲ့ သူကို
ငါတို့ရဲ့နတ်မင်းကြီးက မကြိုက်ဘူးတဲ့ ” လေ ပြီးတော့ပြောပါသေးတယ် “ အင်္ဂါ မစုံတဲ့သူကို ဒို့တောထဲကိုကြာကြာထားရင် ကျက်သရေယုတ်လိမ့်မယ် တော့အပြင် မြန်မြန်ပို့ ” တဲ့ ။ လူရိုင်းလေးတွေလိုက်ပိုမှူ့နဲ့ အတူ ဘုရင်ကြီး ဟာ
တောအပြင်ကိုရောက်တာနဲ့တပြိုင်နက
သိရှိခဲ့ပါတယ် ။ အဲဒီ အခါမှ ဘုရင်ဟာ နန်းတော်ရောက်တော့တစ်ပါးတည်း...တစ်ယောက်တည်း ...စဉ်းစားခန်းဝင်မိတာပေါ့ ။ ဘုရင်ဒီလိုစဉ်းစားပါတယ်........ ...“ ငါဟာလက်ညိုးရှိရင် ခုချိန်ဆိုလူရိုင်းတွေလက်ထဲမှာ အသက်ပျောက်နေလောက်ပြီ ဒီလက်ညိုး မရှိလို့ ငါအသက်ရှင်တာ ။ ငါ့သူငယ်ချင်း အမတ်ကြီးကတော့ ပြောတယ် “ ကောင်းဖို့ဖြစ်လာတာ ပဲ ” တဲ့ သူ့စကားနဲ့ သူ
ဟုတ်တုတ်တုတ်...........ငါအမတ်ြ
ကျွန်တော်မျိုးကိုအင်္ဂါခြေလက်အစုံပါပါတယ် ။ မင်းကြီးပဲပြောတယ်လေ “ အင်္ဂါမစုံတဲ့အတွက်အသတ်တာ ” တဲ့ ။ တကယ်လို့များပေါ့ ကျွန် တော်မျိုးဟာထောင်မကျခဲ့ရင် မင်းကြီးနဲ့အတူ တောထဲမှာပဲ မျက်စိလည်လမ်းမှား
ကိုရောက်နိုင်ပါတယ် ။ မင်းကြီးနဲ့အတူတူမျက်စိလည်ခဲ့ ရင် ကျွန်တော်မျိုးဟာအင်္ဂါခြေလက်
အပြည့် အစုံပါတဲ့အတွက်အသက်ခံ ရနိုင်ပါတယ် ။ အခုတော့ မင်းကြီးက ကျွန်တော်မျိုး အသက်မသေ အောင် ထောင်ထဲကိုထည့်ထားခဲ့တာ မဟုတ်လား ” တဲ့ ။ ဒီလိုကျွန်တော်မျိုး “ အသက်မသေတဲ့အတွက်ကောင်းဖို့ဖြစ် လာတာပါပဲ ” တဲ့လေ...
xxxxxxxxxxxxxxxxxxxxxxx....... ..............................
ပုံပြင်လေးကတော့ ဒါပါပဲ ဒီပုံပြင်လေးကိုစဉ်းစားရင်း ကျွန်ုပ်တွေးမိတာက
ရယူပိုင်ဆိုင်ခြင်းနဲ့ ဘာမှမရရှိခြင်း(လာဘော အလာဘော )
အခြွေအရံတွေပေါများခြင်းနဲ့ အခြွေအရံရှားပါးခြင်း (ယသော အယသော )
ကဲ့ရဲ့ခံရခြင်းနဲ့ ချီးမွမ်းခံရခြင်း (နိန္ဒာ ပသံသာ ) ဆင်းရဲခြင်း
ချမ်းသာခြင်း( သုခံ ဒုက္ခံ ) ဆိုတဲ့လောကဓံတရားတွေကို ရင်ဆိုင်ပုံလေးမှာ
အတုယူစရာပါ ..
လူအများစုဟာ ဒုက္ခရောက်တဲ့ အချိန်ဆိုရင်တော့ဘုရား တရားကိုကျင့်တတ်ကြပါတယ် ။ ချမ်းသာနေရင်တော့မေ့နေတတ်ကြပါ တယ် .........ဒါဟာလည်းမဖြစ်သင့်ပါဘူ
ခွဲခွါရမယ်အချိန်ဆိုရင်တော့ သိကြမှာ ဒါဟာလောကဓံပါလားလို့
သိလာကြပါတယ် ။ နောက် နောက် လောကဓံတွေကို
လည်းဒီလိုပဲသိသင့်ပါတယ်........
.......ပျော်နေတဲ့အချိန်.....ချစ်နေတဲ့
အချိန်.......ခင်မင်နေတဲ့အချိန် ....အဆင်ပြေနေတဲ့အချိန်တွေမှာတော့ လောကဓံဆိုတာ မသိသာပေမယ် ။ လွမ်းရတဲ့အချိန် ...ခွဲရမယ်အချိန်
...မုန်းသွားတဲ့အချိန်တွေမှာတော့ “ အော် ..ဒါလောကဓံပါလား ” လို့ သိလာကြပါတယ် ........... တကယ်လို့များသင်ကိုယ်တိုင် ...အဲဒီအရာတွေထဲကတစ်ခုခု
နဲ့ကြုံတွေ့ခဲ့ရရင်............ ... “ ကောင်းဖို့ဖြစ်လာတာပဲ ”လို့နှလုံးသွင်းနိုင်ပါစေလို့.. ...............ဒို့ဗုဒ္ဓမြတ်စွာကလည်း “ မင်္ဂလသုတ်ရဲ့  37 ပါးမြောက်မှာ ” လည်း....လောကဓံတရားတို့ကို
မကြောက်မရွှံ့ ရဲရဲ ဝံ့ဝံ့ ရင်ဆိုင်နိုင်ခြင်းဟာ မင်္ဂလာ တရားတစ်ပါးလို့
ဟောထားတယ်လေ......ဒီတော့ပြောချင်တာက
...မုန်းသွားတဲ့အချိန်တွေမှာတော့ “ အော် ..ဒါလောကဓံပါလား ” လို့ သိလာကြပါတယ် ........... တကယ်လို့များသင်ကိုယ်တိုင် ...အဲဒီအရာတွေထဲကတစ်ခုခု
နဲ့ကြုံတွေ့ခဲ့ရရင်............
“ ကောင်းဖို့ဖြစ်လာတာပဲလို့ ဘယ်အရာမဆို နှလုံးသွင်းနိုင်ပါစေ ....
စိတ်ထားတတ်ပါစေ ” လို့
ဆန္ဒပြုလိုက်ပါရစေ
သတ္တဝါအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ
ဘုန်းဘုန်းလေး
ဦးဓမ္မ