Select Menu

clean-5

Wisata

Budaya

Kuliner

Kerajaan

kota

Suku

မင်္ဂလာပါ

တစ်ခါကဘုရင်တစ်ပါးရှိသတဲ့ ။သူဟာဘုရင် မဖြစ်ခင် ကတည်းက စားအတူတူ သွားအတူတူ
နေခဲ့ထိုင်ခဲ့ စားခဲ့ သောက်ခဲ့ အတူတူ ကြီးပြင်းလာခဲ့တဲ့
ညီနောင်တစ်ယောက်လည်းရှိသတဲ့ ။ တစ်နေ့မှာတော့ သူငယ်ချင်း ဖြစ်သူ ဘုရင်ဖြစ်တော့ သူလည်းဘုရင် အမတ်တစ်ယောက်
ဖြစ်တာပေါ့လေ ။ အဲဒီလိုနေလာခဲ့တဲ့ရက်တွေတိုင်း မှာ ဘာကိုပဲဖြစ်ဖြစ်ကောင်းတိုင်ပင် ဆိုးတိုင်ပင် နဲ့ပဲသူတို့ တွေဟာ ရက်တွေ အတော်ကြာနေ လာခဲ့ကြပါတယ် ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရှင်ဘုရင်ဖြစ်သူရဲ့ လက်ညိုးမှာ ခူနာဟာ စွဲကပ်လာပါတယ် ။ ခူနာဆိုတဲ့အမျိုးက အခန့်မသင့်တိုင်းဖျတ်ပစ် ရတယ်လို့ အဆိုရှိပါတယ် ။
ဒီတော့ ခူနာပေါက်တဲ့ဘုရင်ကြီးက သူရဲ့အမတ်ကြီးကိုတိုင်ပင်ပါတယ် " အမတ်ကြီး ငါကိုယ်တော်ရဲ့
လက်ညိုးမှာခူးနာပေါက်နေတယ် ဒီတော့ ဘယ်လိုလုပ် သင့်ပါလဲ " ပေါ့လေ ။ ဒီလိုတိုင်ပင်တာပေါလေ ဒီတော့ အမတ်ကြီးကလည်းပြောပါတယ် 
“ ဘုရင်ကြီးကောင်းဖို့ ဖြစ်လာတာပါပဲ ” တဲ့ 
ဆိုလိုတာက ခူနာဖြစ်တာဟာ ကောင်းတဲ့အရာ တွေဖြစ်ဖို့အတွက်ဖြစ် လာတာပါ ..လို့ပြောတာပါ ။ ဒါဟာလည်း အမတ်ကြီးရဲ့ အကောင်းမြင်ဝါဒ နဲ့လဲ့ သက်ဆိုင်မှာပေါ့လေ ။
ဒီလိုနဲ့လက်ညိုးရဲ့ ပထမလက်သစ် ဟာ ခူနာဒဏ် ကြောင့်မို့လို့ ဖြတ်ပစ်
လိုက်ရပါတယ် ။ ဒါက ပထမ လက်သစ်ခူနာဟာပျောက်မသွားပဲ နဲ့ဒုတိယ လက်သစ်ကို ကူးစက် ပါတယ် ဒီတစ်ခါမှာ လည်း
ဒီလိုပါပဲ ။ ခူနာ ရဲ့အနာဒဏ် ကြောင့်မို့လို့ပဲ 
ဒုတိယလက် သစ်ကိုဖြတ်ခါနီးမှာ ဘုရင်ကြီးဟာအမတ်ကိုတိုင်ပင်ပြန်ပါတယ် ။ အမတ်ကြီး က ဘယ်လိုပြောလဲ ဆိုတော့ “ ဘုရင်ကြီး
ဒီတစ်ခါမှာလည်းပဲ  " ကောင်း ဖို့ဖြစ်လာတာပါပဲ ” တဲ့ ။ ဒီလိုနှစ် ကြိမ်းမြောက် အနာနဲ့

အတူ လက်ညိုးကိုဖြတ်ခံရတော့ ဘုရင်ကစဉ်းစားပါတယ် .....
“ ဒီအမတ်ကြီးဟာ ငါ့ကို ကောင်းဖို့ဖြစ်လာ တာပါပဲ ”ဆိုတဲ့ စကားကိုပဲ ပြောပြီး ပြောက်ကင်းဖို့အတွက် လုပ်မပေးဘူး ..ဒီတော့
...ဒီတစ်ခါတော့နောက်ဆုံးဖြစ်တဲ့ လက်သစ် ကိုသာ ဖြတ်ရမယ်ဆိုရင် ဒီအမတ် ကြီးကို ထောင်ချ
ပစ်မယ် ” ပေါ့
(သူတို့ခေတ်က ဆေးဝါးတွေ မရှိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့လေ ) ဒီလိုနဲ့ပဲနောက်ဆုံးဖြစ်တဲ့ လက်ညိုးရဲ့  နောက်ဆုံးလက်သစ်လေး ဟာ ခူနာရဲ့ စားခြင်းကို ခံခဲ့ရပါတယ် ။ အမတ်ကြီးကိုလည်း မင်းကြီး က ပြောတာပေါ့ “ အမတ်ကြီး ငါကိုယ်တော်တော့ လက်ညိုး ဖြတ်ပြီးပြီ ငါရဲ့ လက်တစ်ဖက်မှာ လက်ညိုး လို့ခေါ် စရာ မရှိတော့ဘူး
ငါကိုယ်တော်ကိုအကြံပေးပါအုံး ” လို့ပြောတာပေါ့ ။ ဒီတော့ အမတ်ကြီးက “ မင်းကြီး

ဒီတစ်ခါလည်း ကောင်းဖို့ဖြစ်လာတာပဲ ” တဲ့ ။
ဒီတော့မင်းကြီး ကစဉ်းစား ပါတယ် “ ဒီအမတ်ကြီးဟာ ငါကိုယ်တော် တိုင်ပင်တိုင်း “ ကောင်းဖို့ဖြစ်လာတာပဲ ” လို့ပြောတယ် ။ ဒီလောက်ရှိလှတာ “ ဒီ အမတ်ကြီး ထောင်းသွင်း အကျဉ်း ကျစေလို့ ”  အမိန့်ချမှတ် လိုက်တာပေါ့ ။ ဒီတော့အမတ်ကြီးက ဘာပြောတယ်မှတ်လဲ “
မင်းကြီးဒီတစ်ခါလည်း ကောင်းဖို့ဖြစ်လာတာပဲ ” တဲ့ လက်ထိတ်တန်းလန်းနဲ့
ပြောသွားပါ တယ် ။မေ့မေ့ပျောက်ပျောက် ရှိတဲ့ တစ်နေ့မှာပေါ့ ဘုရင်ကြီးဟာ တော့ထဲကိုအမဲလိုက်ထွက်ပါတယ် ။ အဲဒီ ဘုရင်အမဲလိုက်တဲ့ တော ဟာကျေးငှက် သားကောင် တွေပေါ သလို လူသားစားတဲ့ လူရိုင်း တွေလည်းရှိသတဲ့ ။ ဘုရင်ဟာလည်ဘဲ အခြွေအရံတွေနဲ့ ကွဲ နောက်လိုက်တွေနဲ့ ကွာ
အဲဒီတော့ ..........တောထဲမှာမျက်စိလည်သွားတာ ပေါ့လေ ။
မျက်စိလည်သွားတဲ့ ဘုရင်ကြီးကို လူရိုင်းတွေကဖမ်းမိ သွားပါတယ် ။
ဒီတော့လူသားစား တဲ့လူရိုင်းတွေရဲ့ထုံစံအတိုင်းပေါ့  ။ ဒါပေမယ့် သူတို့ထုံးစံအရ သူတို့ရဲ့

ခေါင်ဆောင်ကိုပြောပြီး .....နတ်တင်တဲ့ အလေ့အထလည်း ရှိသတဲ့ ။ ဒီတော့ နတ်တင်ဖို့အတွက် လူရိုင်းခေါင်းဆောင်ကြီးကို
တိုင်ပင်တာပေါ့ လူရိုင်းခေါင်ဆောင် ကြီးက ပြောပါတယ် “ မင်းတို့ဖမ်းလာတဲ့ လူကို နတ်တင်ဖို့ဆိုတော့ အဲဒီလူက အင်္ဂါမှ
 စုံရဲ့လား ” တဲ့ ..ဒီတော့ လူရိုင်းလေးတွေဟာ
သူတို့ဖမ်းခဲ့တဲ့ လူ

(ဘုရင်) ကိုစစ်ဆေးပါတော့တယ် ။ ဒီတော့ လူ(ဘုရင်) ဟာလက်ညိုးတစ်ချောင်း မပါဘူးဆိုတာကို
လူရိုင်းလေးတွေသိတော့ သူတို့ရဲ့ခေါင်းဆောင်လူရိုင်ြး ကီးကို ပြောကြတာပေါ့လေ ။လူရိုင်းကြီးက ပြောပါတယ် “ အဲဒီလို လက်အင်္ဂါ မစုံတဲ့ သူကို
ငါတို့ရဲ့နတ်မင်းကြီးက မကြိုက်ဘူးတဲ့ ” လေ ပြီးတော့ပြောပါသေးတယ် “ အင်္ဂါ မစုံတဲ့သူကို ဒို့တောထဲကိုကြာကြာထားရင်
ကျက်သရေယုတ်လိမ့်မယ် တော့အပြင် မြန်မြန်ပို့ ” တဲ့ ။ လူရိုင်းလေးတွေလိုက်ပိုမှူ့နဲ့ အတူ ဘုရင်ကြီး ဟာ
တောအပြင်ကိုရောက်တာနဲ့တပြိုင်
နက် နန်းတော်ကို သွားမယ့်လမ်းကို
သိရှိခဲ့ပါတယ် ။ အဲဒီ အခါမှ ဘုရင်ဟာ နန်းတော်ရောက်တော့တစ်ပါးတည်း...တစ်ယောက်တည်း ...စဉ်းစားခန်းဝင်မိတာပေါ့ ။
ဘုရင်ဒီလိုစဉ်းစားပါတယ်........ ...“ ငါဟာလက်ညိုးရှိရင် ခုချိန်ဆိုလူရိုင်းတွေလက်ထဲမှာ အသက်ပျောက်နေလောက်ပြီ ဒီလက်ညိုး မရှိလို့ ငါအသက်ရှင်တာ ။ ငါ့သူငယ်ချင်း အမတ်ကြီးကတော့ ပြောတယ် “ ကောင်းဖို့ဖြစ်လာတာ ပဲ ” တဲ့ သူ့စကားနဲ့ သူ
ဟုတ်တုတ်တုတ်...........ငါအမတ်ြ
ကီးနဲ့စကားပြောချင်လိုက်တာ.......ဒီတော့မှ သူဟာသတိရပါတယ် အမတ်ကြီးကိုသူကိုယ်တိုင် ထောင်ထဲပို့ခဲ့တာကိုလေ... အမတ်ကြီးကိုထောင်ထဲကထုတ် ပြီးတာနဲ့ တစ်ပြိုင်နက် အမတ်ကြီးကိုဝမ်းသာအားရပြောပြပါ တယ် ။ သူဟာတောထဲမှာ ဘယ်လိုမျက်စိလည်ခဲ့ကြောင်း ဘယ်လိုအသက်ဘေးကနေလွတ်ခဲ့ ကြောင်းတွေကိုပေါ့ ။ ဒီတစ်ခါလည်းအမတ်ကြီးက ပြောတဲ့စကားကတစ်ခွန်းထဲ........ ...“ ကောင်းဖို့ဖြစ်လာတာပဲ ” တဲ့.... ဒီတစ်ကြိမ် မှာတော့ဘုရင်ကြီးအတွက် “ ကောင်းဖို့ဖြစ်လာတာပဲ ” ဆိုတဲ့ စကားဟာ သိပ်ကိုနားဝင်ချိုတဲ့ စကားလေးတစ်ခွန်းပါပဲ ။ မင်းကြီး ကမေးပါတယ် ..အမတ်ကြီး ဒီစကား (ကောင်းဖို့ဖြစ်လာတာပဲ ) ဆိုတဲ့စကားကို ဘာလို့ ခဏခဏ ပြောဆိုနေရပါသလဲ ...ဆိုတော့ အမတ်ကြီးက “ မင်းကြီး ကျွန်တော်မျိုး ဟာမင်း ကြီးရဲ့ ငယ်ဖော် ငယ်ကျွမ်း အတိုင်ပင် ခံအမတ်တစ်ယောက် ဖြစ်ပါတယ် မင်းကြီးဘယ်သွားသွား ဘယ်လာလာ မင်းကြီးရဲ့ နောက်တော် အပါးတော်ကနေ အမြဲ တမ်းပါနေပါတယ် ။ဘယ်သွားသွား မင်းကြီးနောက်ကိုပါတဲ့
ကျွန်တော်မျိုးကိုအင်္ဂါခြေလက်အစုံပါပါတယ် ။
မင်းကြီးပဲပြောတယ်လေ “ အင်္ဂါမစုံတဲ့အတွက်အသတ်တာ ” တဲ့ ။ တကယ်လို့များပေါ့ ကျွန် တော်မျိုးဟာထောင်မကျခဲ့ရင် မင်းကြီးနဲ့အတူ တောထဲမှာပဲ မျက်စိလည်လမ်းမှား
ကိုရောက်နိုင်ပါတယ် ။ မင်းကြီးနဲ့အတူတူမျက်စိလည်ခဲ့
ရင် ကျွန်တော်မျိုးဟာအင်္ဂါခြေလက်
အပြည့် အစုံပါတဲ့အတွက်အသက်ခံ ရနိုင်ပါတယ် ။ အခုတော့ မင်းကြီးက ကျွန်တော်မျိုး အသက်မသေ အောင်
ထောင်ထဲကိုထည့်ထားခဲ့တာ မဟုတ်လား ” တဲ့ ။ ဒီလိုကျွန်တော်မျိုး “ အသက်မသေတဲ့အတွက်ကောင်းဖို့ဖြစ် လာတာပါပဲ ” တဲ့လေ...

xxxxxxxxxxxxxxxxxxxxxxx.......
..............................xxxxxxxxxxxxxxxxxxxxxxxxxxxx



ပုံပြင်လေးကတော့ ဒါပါပဲ ဒီပုံပြင်လေးကိုစဉ်းစားရင်း ကျွန်ုပ်တွေးမိတာက

ရယူပိုင်ဆိုင်ခြင်းနဲ့ ဘာမှမရရှိခြင်း(လာဘော အလာဘော )
အခြွေအရံတွေပေါများခြင်းနဲ့ အခြွေအရံရှားပါးခြင်း (ယသော အယသော )
ကဲ့ရဲ့ခံရခြင်းနဲ့ ချီးမွမ်းခံရခြင်း (နိန္ဒာ ပသံသာ ) ဆင်းရဲခြင်း
ချမ်းသာခြင်း( သုခံ ဒုက္ခံ ) ဆိုတဲ့လောကဓံတရားတွေကို ရင်ဆိုင်ပုံလေးမှာ
အတုယူစရာပါ ..

လူအများစုဟာ ဒုက္ခရောက်တဲ့ အချိန်ဆိုရင်တော့ဘုရား တရားကိုကျင့်တတ်ကြပါတယ် ။
ချမ်းသာနေရင်တော့မေ့နေတတ်ကြပါ တယ် .........ဒါဟာလည်းမဖြစ်သင့်ပါဘူ နောက်အခြွေအရံလို့ခေါ်တဲ့ သူငယ်ချင်း အပေါင်းအသင်း ဆွေမျိုးမိတ်ဆွေတွေ နဲ့ အတူနေချိန်မှာ ဒီအချိန်ဟာ လောကဓံ ပါလား လို့မသိတတ်ကြပါဘူး ။ကွဲကွာသွားတဲ့အချိန်
ခွဲခွါရမယ်အချိန်ဆိုရင်တော့ သိကြမှာ ဒါဟာလောကဓံပါလားလို့
 သိလာကြပါတယ် ။ နောက် နောက် လောကဓံတွေကို လည်းဒီလိုပဲသိသင့်ပါတယ်........ .......ပျော်နေတဲ့အချိန်.....ချစ်နေတဲ့ အချိန်.......ခင်မင်နေတဲ့အချိန်....အဆင်ပြေနေတဲ့အချိန်တွေမှာတော့ လောကဓံဆိုတာ မသိသာပေမယ် ။ လွမ်းရတဲ့အချိန် ...ခွဲရမယ်အချိန်
...မုန်းသွားတဲ့အချိန်တွေမှာတော့ “ အော် ..ဒါလောကဓံပါလား ” လို့ သိလာကြပါတယ် ...........
တကယ်လို့များသင်ကိုယ်တိုင် ...အဲဒီအရာတွေထဲကတစ်ခုခု
နဲ့ကြုံတွေ့ခဲ့ရရင်............
... “ ကောင်းဖို့ဖြစ်လာတာပဲ ”လို့နှလုံးသွင်းနိုင်ပါစေလို့.................ဒို့ဗုဒ္ဓမြတ်စွာကလည်း “ မင်္ဂလသုတ်ရဲ့  37 ပါးမြောက်မှာ ” လည်း....လောကဓံတရားတို့ကို မကြောက်မရွှံ့ ရဲရဲ ဝံ့ဝံ့ ရင်ဆိုင်နိုင်ခြင်းဟာ မင်္ဂလာ တရားတစ်ပါးလို့ ဟောထားတယ်လေ......ဒီတော့ပြောချင်တာက  
“ ကောင်းဖို့ဖြစ်လာတာပဲလို့ ဘယ်အရာမဆို နှလုံးသွင်းနိုင်ပါစေ .... စိတ်ထားတတ်ပါစေ ” လို့

ဆန္ဒပြုလိုက်ပါရစေ

သတ္တဝါအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ


ဘုန်းဘုန်းလေး


ဦးဓမ္မ
THIS IS FEATURED POST 1 TITLE

THIS IS FEATURED POST 1 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Quas molestias excepturi
THIS IS FEATURED POST 2 TITLE

THIS IS FEATURED POST 2 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Impedit quo minus id
THIS IS FEATURED POST 3 TITLE

THIS IS FEATURED POST 3 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Voluptates repudiandae kon
THIS IS FEATURED POST 4 TITLE

THIS IS FEATURED POST 4 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Mauris euismod rhoncus tortor

Kerajaan